Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

မြန်မာ-နော်ဝေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲများ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုး

မြန်မာ-နော်ဝေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲများ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုး
(၂၇-၉-၂၀၁၉ ရက်၊ နယူးယောက်မြို့)

(၇၄)ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ၂၆-၉-၂၀၁၉ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀၃၀ အချိန်တွင် ကုလသမဂ္ဂဌာနချုပ်၌ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Ms. Eriksen Søreide နှင့်တွေ့ဆုံ၍ မြန်မာ-နော်ဝေ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲများ တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွှန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ လက်မှတ်ရေးထိုးလိုက်သည့် နားလည်မှုစာချွန်လွှာအရ ညှိနှိုင်းဆွေးနွေးပွဲများကို ပုံမှန်ကျင်းပသွားရေး၊ ရေလုပ်ငန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ပါသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များအတိုင် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့် နေရပ်ပြန်လိုသူများအနေဖြင့် ၎င်းတို့၏ ဆန္ဒအမှန်ကို ထုတ်ဖော်ပြောကြားရန် ကြောက်ရွံ့နေကြောင်း၊ မိမိတို့သဘောဆန္ဒအလျောက် မိမိအစီအစဉ်ဖြင့် ပြန်လာသူများစွာရှိကြောင်း၊ ဂျာမနီနိုင်ငံ DW သတင်းဌာနမှ လတ်လောထုတ်ပြန်သည့် အထူးလေ့လာစုံစမ်းချက်တစ်ခုတွင် ဖော်ပြထားချက်ရ တစ်ဖက်နိုင်ငံ ရှိဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်သမား ထောင်ဂဏန်းကျော် ခိုအောင်းလျက်ရှိသည်ဟု သိရှိရပါကြောင်း၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများက ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းကို အဓိကအဟန့်အတားဖြစ်နေသည့်အပြင် လုံခြုံရေးအရလည်း စိန်ခေါ်မှုတစ်ခုဖြစ်နေပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းတွင် ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူများအတွက် ပတ်ဝန်းကျင်ကောင်းများဖန်တီးနိုင်ရန် အစိုးရအနေဖြင့် ASEAN၊ UN တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နော်ဝေနိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာ၏ အပြုသဘောဖြင့် ကူညီပံ့ပိုးမှုများကိုလည်း ကြိုဆိုပါကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

 

Announcements

Latest Updates

Activities