Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

Union Minister U Kyaw Tin rebutted the remarks made by Bangladeshi Foreign Minister on Rakhine issue (25-10-2019, Baku)

Union Minister U Kyaw Tin rebutted the remarks made by Bangladeshi Foreign Minister on Rakhine issue
(25-10-2019, Baku)

Union Minister for International Cooperation U Kyaw Tin rebutted the remarks made by Bangladeshi Foreign Minister on Rakhine issue at the Preparatory Ministerial Meeting of the 18th Summit of the Non-Aligned Movement held on 23 October 2019 in Baku, Azerbaijan.

In his statement, the Union Minister highlighted that the issue of Rakhine is not an issue of religious persecution. It is absolutely not an issue of driving an ethnic group out of the country, as wrongfully alleged. Myanmar strongly objected to the labelling the issue as ethnic cleansing or genocide by Bangladesh. In fact, it is a political and economic issue involving cross-border migration since colonial time when immigrants from Bengal, mainly from Chittagong Region, were transferred en masse by the British colonial power into western townships of Rakhine for expanding rice productions. There was also another wave of mass migration across the porous border during the fight for Bangladesh’s independence in 1971. The migration problem was also compounded by the poverty, lack of rule of law and security. There has been deep rooted history of tensions, mutual mistrust and fear between the local ethnic communities and the migrant community. What is happening in the northern tip of Rakhine does not represent the whole country. In the remaining areas across the country, people of different faiths are living in harmony. Religious building and edifices of different faiths stand side by side in many cities of Myanmar. Myanmar fully shares the concern over the plight of all communities affected by the violence. It is important not to overlook the fact that the violence was ignited by provocative attacks by ARSA terror group against multiple police outposts in October 2016 and again in August 2017. The violence was committed by both sides and affected all communities.

The Union Minister reiterated Myanmar government’s full commitment to finding sustainable solution that will lead to peace, stability and development for all the people in Rakhine State. The most pressing task between the two neighbours is to work together under the agreed mechanisms to remove all the obstacles hindering the repatriation. Myanmar has stated over and over again its readiness to receive all the displaced persons who have already been verified as former residents in Rakhine State. Since this is a migrant-related issue, this issue needs to be resolved bilaterally with Bangladesh. If both neighbours follow strictly the bilateral arrangement signed between the two countries, the repatriation process will be successful as it has been done in 1992. The main obstacle is the presence of hardliner groups and ARSA terror groups inside the camps in the Cox’s Bazaar who do not want repatriation but exert international pressure to advance their political agenda. He hoped that Bangladesh would not turn a blind eye to their presence in the camps. They are taking hostages the displaced persons to reach their political goals, by intimidating those advocating for return. Regardless of their threats, over 350 displaced persons have already come back. The other day, 29 more returnees have just returned to Rakhine State on their own volition. They have resumed their lives in conditions of safety and dignity. Despite Myanmar’s repeated request, Bangladesh has not sent back 444 Hindu displaced persons who have clearly expressed their desire to return. The Government of Myanmar is creating a conducive environment for the returnees in cooperation with the UN agencies as well as with our ASEAN friends, as well as, our traditional development partners in our region and beyond. The issue of Rakhine is a very complex, complicated one that requires time and space to educate the people and to build trust and harmony among the communities. Myanmar stands ready to resolve the issue with the cooperation of Bangladesh based on the bilateral agreement signed between Myanmar and Bangladesh.

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်တုံ့ပြန်ပြောကြား
(၂၅-၁၀-၂၀၁၉ ရက်၊ ဘာကူးမြို့)

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့၌ ကျင်းပလျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအကြို ဝန်ကြီးအဆင့်ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် ၂၃-၁၀-၂၀၁၉ ရက်နေ့၌ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားခဲ့ရာ၌ ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေးဖိနှိပ်မှု ပြဿနာတစ်ရပ် မဟုတ်ကြောင်းကို အတိအလင်း ပြောကြားလိုကြောင်း၊ ထို့ပြင် သတင်းမီဒီယာများ လွဲမှားစွာ ချဲ့ကားပုံဖော်နေကြသကဲ့သို့ တိုင်းရင်းသား မျိုးနွယ်စုတစ်ခုအား နိုင်ငံအတွင်းမှ မောင်းထုတ်နေခြင်း လည်း မဟုတ်ကြောင်း၊ ယင်းကိစ္စအား မျိုးနွယ်စုအားသုတ်သင် ရှင်းလင်းခြင်း (သို့မဟုတ်) လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ သုံးနှုန်းနေသည်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ အမှန်စင်စစ် ယင်းသည် ကိုလိုနီခေတ်ကတည်းက ရှိနေခဲ့သည့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ရောယှက်ပါဝင်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာတစ်ရပ် ဖြစ်ကြောင်း၊ ထိုအချိန်က ဆန်စပါး တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်အတွက် ဘင်္ဂလားဒေသ အထူးသဖြင့် စစ်တကောင်းဘက်မှ ရွှေ့ပြောင်းလုပ်သားများကို ဗြိတိသျှအာဏာပိုင်များက ရခိုင်ပြည်နယ် အနောက်ပိုင်းရှိမြို့နယ်များသို့ အလုံးအရင်းနှင့် ပို့ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုအတွင်း နယ်စပ်ဖြတ်ကျော်၍ အလုံးအရင်းနှင့် ဝင်ရောက်မှု နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်ခဲ့ကြောင်း၊ နေရပ်ရွှေ့ပြောင်းနေထိုင်ခြင်း ပြဿနာတွင် ဆင်းရဲမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုကင်းမဲ့ခြင်းတို့လည်း ထပ်လောင်းရောယှက် ပါဝင်နေကြောင်း၊ ဒေသခံတိုင်းရင်းသားအသိုက်အဝန်းများနှင့် ရွှေ့ပြောင်းနေထိုင်သည့် အသိုက်အဝန်းတို့အကြား တင်းမာမှု၊ အပြန်အလှန် ယုံကြည်မှုကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် နက်ရှိုင်းစွာ အမြစ်တွယ်လာခဲ့ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာသည် မြန်မာ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အခြားနေရာများတွင် ကိုးကွယ်မှု အယူဝါဒ ကွဲပြားသူများသည် ငြိမ်းချမ်းစွာနှင့် သဟဇာတမျှတစွာဖြင့် အတူယှဉ်တွဲနေထိုင်လျက်ရှိပြီး၊ မတူညီသည့် ကိုးကွယ်ယုံကြည်သူများ၏ ဘာသာရေးအဆောက်အဦးများသည်လည်း မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် တစ်ခုနှင့်တစ်ခု နီးနီးကပ်ကပ် တည်ရှိနေကြကြောင်း၊ ပဋိပက္ခကြောင့် ထိခိုက်ခံခဲ့ ရသည့် အသိုက်အဝန်းအားလုံး၏ ဒုက္ခကို မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မှုရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတို့တွင် ရဲကင်းစခန်း အများအပြားကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက်တည်း ချိန်ကိုက်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းကြောင့် အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်လာရခြင်းဖြစ်သည်ကို မျက်ကွယ်မပြုသင့်ကြောင်း၊ နှစ်ဖက်စလုံး၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသိုက်အဝန်းအားလုံး ထိခိုက်ခံစားခဲ့ရကြောင်း ထည့်သွင်းပြောကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သူအားလုံးအတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုရရှိစေမည့် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုရရှိအောင် ဆောင်ရွက်ရေး ကို အစိုးရအနေဖြင့် အပြည့်အဝ ကတိကဝတ်ထားရှိပါကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အရေးအကြီးဆုံး ဆောင်ရွက်ရမည့်ကိစ္စရပ်မှာ နေရပ်စွန့်ခွာသူများ နေရပ်ပြန်လာရေးကို အနှောင့် အယှက်ပေးနေသည့် အတားအဆီးများကို နှစ်နိုင်ငံအကြား သဘောတူညီထားပြီးဖြစ်သည့် ယန္တရား များနှင့်အညီ အတူတကွ ဖြေရှင်းရေးပင်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများအားလုံးကို ပြန်လည်လက်ခံရန် အဆင်သင့်ရှိကြောင်းကို မြန်မာဘက်မှ ထပ်တလဲလဲ ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်း၊ ယခုကိစ္စရပ်သည် လူဝင်မှုကိစ္စနှင့် သက်ဆိုင်သည့်ကိစ္စရပ် ဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံ အကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်ကို အတိအကျလိုက်နာပါက ၁၉၉၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့်နည်းတူ နေရပ်ပြန်လာရေး လုပ်ငန်းစဉ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ အဓိက အတားအဆီးတစ်ခုမှာ ကော့ခ်ဘဇား စခန်းများရှိ နေရပ်ပြန်လာရေးလုပ်ငန်းစဉ်ကို မလိုလားသည့် ARSA အကြမ်းဖက်အဖွဲ့နှင့် သဘောထားတင်းမာသည့် အုပ်စုများက ၎င်းတို့၏ နိုင်ငံရေး ရည်ရွယ်ချက် ရရှိစေရန်အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးရန် ကြိုးပမ်းနေမှု ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကော့ခ်ဘဇားရှိ စခန်းများတွင် ယင်းအကြမ်းဖက်အုပ်စုများ တည်ရှိနေခြင်းကို မျက်ကွယ်ပြုမထားသင့်ကြောင်း၊ ၎င်းတို့သည် နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ပြည့်ဝစေရန်အတွက် အသုံးချလျက်ရှိပြီး၊ ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိ ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများရှိနေသော်လည်း နေရပ်စွန့်ခွာသူ (၃၅၀) ကျော်သည် ၎င်းတို့၏ အစီအစဉ်ဖြင့် ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်ကြောင်း၊ ယမန် နေ့က နေရပ်စွန့်ခွာသူ နောက်ထပ်(၂၉) ဦး ရခိုင်ပြည်နယ်သို့ ၎င်းတို့၏ အစီအစဉ်ဖြင့် ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာဖြင့် အခြေချနေထိုင်လျက် ရှိကြကြောင်း၊ နေရပ်သို့ပြန်လာလိုကြောင်း အတိအလင်း ဆန္ဒထုတ်ဖော် ပြောကြားထားပြီးဖြစ်သည့် ဟိန္ဒူလူမျိုး (၄၄၄) ဦးကို ပြန်လည်ပို့ဆောင်ပေးရန် အကြိမ်ကြိမ်ပြောကြားနေသော်လည်း ဘင်္ဂလား ဒေ့ရှ်ဘက်မှ ပြန်ပို့ပေးခြင်းမရှိသေးကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံ၊ ဒေသတွင်းနှင့် ပြင်ပမှ မိတ်ဖက်များနှင့် ပူးပေါင်း၍ နေရပ်ပြန်လာမည့်သူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စသည် နက်နဲရှုပ်ထွေးပြီး အသိုက်အဝန်းများအကြား ယုံကြည်မှုနှင့် သဟဇာတရှိမှု တည်ဆောက်နိုင်ရန်နှင့် အသိပညာပေးရန်အတွက် အချိန်နှင့် အခြေအနေပေးရန် လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်ကို အခြေခံ၍ ဘင်္ဂလားဒေ့ရှ် နှင့် ပူးပေါင်း၍ လက်ရှိပြဿနာကို ဖြေရှင်းသွားရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။


Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Monday 08, March, 2021 ANNOUNCEMENT
Thursday 11, February, 2021 အသိပေးကြေညာချက်