Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

အာဆီယံလန်ဒန်ကော်မတီနှင့် Westminster Kingsway College ၏ စားဖိုမှူးသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် Taste of ASEAN အခမ်းအနားတွင် မြန်မာသံရုံး၊ လန်ဒန်မြို့မှ ပါဝင်ဆင်နွဲ (၁-၁၁-၂၀၁၉ ရက်၊ လန်ဒန်မြို့)

အာဆီယံလန်ဒန်ကော်မတီနှင့် Westminster Kingsway College ၏ စားဖိုမှူးသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် Taste of ASEAN အခမ်းအနားတွင် မြန်မာသံရုံး၊ လန်ဒန်မြို့မှ ပါဝင်ဆင်နွဲ
(၁-၁၁-၂၀၁၉ ရက်၊ လန်ဒန်မြို့)

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အာဆီယံသံရုံးများ ပါဝင်သည့် အာဆီယံလန်ဒန်ကော်မတီနှင့် Westminster Kingsway College ၏ စားဖိုမှူးသင်တန်းကျောင်းတို့ ပူးပေါင်း၍ Taste of ASEAN အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ မွန်းလွဲ ၁၈၀၀ နာရီမှ ၂၁၀၀ နာရီအထိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင့် ဇနီး၊ မြန်မာသံရုံးဝန်ထမ်း မိသားစုများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယ ရေးရာဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယဝန်ကြီး Mrs. Heather Wheeler က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ တက်ရောက်လာသူများအား အာဆီယံနိုင်ငံများမှ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ရာ မြန်မာသံရုံးက မြန်မာ့ရိုးရာအစားအစာ နန်းကြီးသုတ်ဖြင့် ဧည့်ခံခဲ့ပြီး မြန်မာ့အစားအစာများ အကြောင်းကို ဗွီဒီယိုဖြင့် ပြသခြင်း၊ မြန်မာ့အနုပညာ လက်မှုပစ္စည်းများအား ထည့်သွင်းပြသခြင်းနှင့် မြန်မာ့တူရိယာ ‘စောင်း’ ဖြင့် ပါဝင်ဖျော်ဖြေတင်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Announcements

Latest Updates

Activities