Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ တက်ရောက်သည့်ခရီးစဉ် (စတုတ္ထနေ့) (၄-၁၁-၂၀၁၉ ရက်၊ ဗန်ကောက်မြို့)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
(၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ တက်ရောက်သည့်ခရီးစဉ် (စတုတ္ထနေ့)
(၄-၁၁-၂၀၁၉ ရက်၊ ဗန်ကောက်မြို့)

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ ဒေသစံတော်ချိန် ၀၈၄၅ နာရီတွင် (၂၂)ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ + ၃ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများတွင် ပြန်လည်သုံးသပ်ပြီး အနာဂတ်ဦးတည်ချက်များကို ဆွေနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် National Security Advisor of the United States of America , Mr. Robert C.O´ Brien အား Impact , Sapphire – 104 ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ - အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာရေး၊ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်သွားရေး၊ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ် လက်ခံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအဖွဲ့အစည်းများ ဖြစ်သည့် UNHCR၊ UNDP တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူ ကိစ္စရပ်များအပေါ် ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Grand Diamond ၌ ကျင်းပသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆိုင်ရာ အထူးနေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၁၄)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ အနာဂတ်ဦးတည်ချက်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုရှားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr.Dmitry Medvedev တို့သည် Impact Exhibition and Convention Center ရှိ Sapphire – 111 ၌ တွေ့ဆုံကြသည်။ တွေ့ဆုံစဉ် မြန်မာ - ရုရှား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်သွားရေး၊ အဆင့်မြင့်ကိုယ်စားလှယ်များ အပြန်အလှန် လည်ပတ်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ဆက်လက်၍ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၂၂)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ - ဂျပန်အကြား ပူးပေါင်းဆောင်ရွက်မှု၊ အနာဂတ် ဦးတည်ချက်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တတိယအကြိမ်မြောက် Regional Comprehensive Economic Partnership ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် RCEP နှင့် ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာကိစ္စရပ်များကို အမြင်ခြင်း ဖလှယ်ဆွေးနွေးကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၃၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ၏ ပိတ်ပွဲအခမ်းအနားနှင့် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ၊ ဘရူနိုင်းဘုရင် ဆူလတန်ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် အာခါမိုဟာ ဆီနာပါတိုင်းတဲ့ချို ဟွန်ဆင်၊ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ ရိုဒရီရို ဒူတာတေး၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာမိုဟာ မက်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ငုယင်စွမ်းဖု၊ အရှေ့အာရှထိပ်သီး အစည်းအဝေးအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့အကြီးအကဲများ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ က အမှာစကား ပြောကြားပြီးနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာ က ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ငုယင်စွမ်းဖု ထံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အထိမ်းအမှတ်တူ ကို လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် The incoming ASEAN Video Presentation ကိုပြသပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၁၁)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး အလုပ်သဘောညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ယနေ့ကျင်းပသည့်အခမ်းအနားများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဓါတ်ပုံ- သတင်းစဉ်

Announcements

Latest Updates

Activities