ကြေညာချက်
အောက်ဖော်ပြပါနိုင်ငံ (၈)နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင် ဆောင်သူများအား အပြည်ပြည်ဆိုင်ရာလေဆိပ်(၃)ခုတွင် ဆိုက်ရောက် ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုပေးလျက်ရှိပါသည်-
ဩစတြေးလျနိုင်ငံ အီတလီနိုင်ငံ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုရှားနိုင်ငံ
ဂျာမနီနိုင်ငံ စပိန်နိုင်ငံ
အိန္ဒိယနိုင်ငံ ဆွစ်ဇာလန်နိုင်ငံ
၎င်းနိုင်ငံအသီးသီးတွင် သက်ဆိုင်ရာနိုင်ငံသားအဖြစ် ခံယူ ထားသော မြန်မာနိုင်ငံသားဟောင်းများသည် သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံခြား သားများကဲ့သို့ ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) လျှောက်ထားမည်ဆိုပါက ဝင်ရောက်ခွင့်ပြုမည် ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။
သို့ရာတွင် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်)ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားဟောင်းများသည် သက်ဆိုင်ရာကမ္ဘာလှည့် နိုင်ငံခြား ခရီးသည်များကဲ့သို့ ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်နှင့် စပ်လျဉ်း၍ တိကျစွာ လိုက်နာ ရမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။