နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် ဆန္ဒအလျောက် ကူညီပံ့ပိုးလိုသည့် ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အိုင်ယာလန်နိုင်ငံများသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများအား ဖိတ်ခေါ်ခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပြည်သူ ပြည်သားများ၏စုပေါင်းအင်အားနှင့်အတူကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ နိုင်ငံ တော်တစ်ခုလုံး ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံ၌ တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိရာတွင် လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းပြည်ပရှိ လူ့စွမ်းအားအရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်မှုသည် လွန်စွာပဓာနကျပါသည်။
၂။ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်ပခရီးစဉ်များအတွင်း မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသား ဟောင်းများနှင့် တွေ့ဆုံရာ၌ နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် မိမိတို့တတ်သိ ကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် တတ်အားသမျှပါဝင်ကူညီပံ့ပိုး အကျိုးပြုနိုင်ရန် အတွက် ဖိတ်ခေါ်ခဲ့ပြီး၊ မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားဟောင်းများကလည်း ယင်းသို့ပါဝင် အကျိုးပြုရန်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြပါသည်။
၃။ သို့ဖြစ်ရာ ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အိုင်ယာလန်နိုင်ငံများသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် မိမိတို့တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်အတွက် ပါဝင်ကူညီ ပံ့ပိုး အကျိုးပြုလိုပါက ပူးတွဲပါပုံစံတွင် ဖြည့်စွက်၍ မြန်မာသံရုံး၊ လန်ဒန်မြို့( တတိယအတွင်းဝန် ဦးရဲလင်းအောင်၊ တယ်လီဖုန်းအမှတ်၊ +၄၄ ၂၀၇ ၁၄၈ ၀၇၄၀ လိုင်းခွဲ(၁၀၃)၊ အီးမေးလ်လိပ်စာ၊ [email protected]) ထံသို့ ဆက်သွယ် ပေးပို့နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်