EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR
19A Charles Street, London W1J 5DX
Tel: 020 3397 4463 Fax: 020 7409 7043
e-mail: [email protected]
အသိပေးကြေညာချက်
၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတင်ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါသည်
ကမ္ဘာ တစ်ဝှမ်းသို့ အချိန်နှင့်အမျှ ကူးစက်ပျံ့နှံ့လျက်ရှိရာ ယနေ့ ၂၁-၃-၂၀၂၀
ရက်နေ့အထိ လူဦးရေ (၃) သိန်းနီးပါး ကူးစက်ခံရပြီး လူပေါင်း (၁) သောင်းကျော်
သေဆုံးလျက်ရှိပါသည်။ ဗြိတိန် နိုင်ငံတွင်လည်း ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍
ကူးစက်ခံရသူဦးရေမှာ တဟုန်ထိုး မြင့်တက် လာလျက်ရှိရာ ယနေ့အချိန်ထိ
ကူးစက်ခံရသူပေါင်း (၄) ထောင်နီးပါးအထိရှိပြီး သေဆုံးသူမှာ (၂၀၀) နီးပါးအထိ
ရှိပါသည်။
၂။ ယနေ့တွင် ဗြိတိန်နိုင်ငံအစိုးရက ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက်
လှုပ်ရှား သွားလာမှုများကို ကန့်သတ်ထားပြီး နေအိမ်များတွင် နေထိုင်၍သာ
အလုပ်လုပ်ကိုင်စေခြင်း၊ ကျောင်းများ/တက္ကသိုလ်များအား အွန်လိုင်းမှတစ်ဆင့်
သင်ယူစေခြင်း၊ မလိုအပ်ဘဲ ခရီးသွားလာ ခြင်း မပြုလုပ်ရန်နှင့် နေအိမ်များ၌သာ
နေထိုင်ကြရန် ညွှန်ကြားထားခြင်း စသည့် ညွှန်ကြားချက် များ ထုတ်ပြန်၍
ဆောင်ရွက်လျက်ရှိပါသည်။
၃။ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် COVID-19
ရောဂါနှင့်ပတ်သက်၍ ဖြစ်ပေါ်မှုများကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်၍
သက်ဆိုင်ရာ အစိုးရက ထုတ်ပြန်ထားရှိ သည့် ညွှန်ကြားချက်များ၊ အကြံပြုချက်များကို
လိုက်နာဆောင်ရွက်ကြပါရန်၊ ထို့ပြင် ဗြိတိန်နိုင်ငံ တွင် ပညာသင်ကြားလျက်ရှိသည့်
မြန်မာကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံသို့ပြန်ရန် အစီအစဉ်များရှိပါက
မြန်မာအစိုးရက ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များ၊ လက်ရှိ လေကြောင်း ပျံသန်းမှု
အခြေအနေများအား လေ့လာ၍ စီစဉ်ဆောင်ရွက်ကြပါရန် အသိပေး
နှိုးဆော်အပ်ပါသည်။
၄။ အကယ်၍ ဗြိတိန်၊ ဆွီဒင်၊ အိုင်ယာလန်နှင့် ဒိန်းမတ်နိုင်ငံရောက်
မြန်မာနိုင်ငံသားများ/ ကျောင်းသားများအနေဖြင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-
19 နှင့် ပတ်သက်၍ မြန်မာသံရုံး၊ လန်ဒန်မြို့၏ အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက
မြန်မာသံရုံးမှ ဦးချစ်ခိုင်၊ ပထမအတွင်းဝန်၊ တယ်လီဖုန်းနံပါတ် +၄၄ ၇၇၉၅ ၆၉၇၃၃၁ သို့
လည်းကောင်း၊ ဦးရဲလင်းအောင်၊ တတိယ အတွင်းဝန်၊ တယ်လီဖုန်းနံပါတ် +၄၄ ၇၉၉၀
၀၁၆၂၇၄ သို့လည်းကောင်း ဆက်သွယ်နိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။
၅။ မြန်မာသံရုံး လန်ဒန်မြို့က ပူးတွဲတာဝန်ယူထားလျက်ရှိသည့် ဆွီဒင်၊
အိုင်ယာလန်နှင့် ဒိန်းမတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း
အထက်ဖော်ပြပါအတိုင်း လိုက်နာ ဆောင်ရွက်ကြပါရန်နှင့် အကူအညီများလိုအပ်ပါက
ဖော်ပြပါ မြန်မာသံရုံးက တာဝန်ရှိသူများ ထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း
အသိပေးအပ်ပါသည်။
၆။ မြန်မာအစိုးရက COVID-19 နှင့် ပတ်သက်၍ ထုတ်ပြန်ထားရှိသည့်
ညွှန်ကြားချက်များ အား မြန်မာသံရုံး၏ website:
https://www.londonmyanmarembassy.com/ နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန၏
Facebook page https://www.facebook.com/mofa myanmar/ များတွင်
ကြည့်ရှုနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်