Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

Facility Quarantine (၂၁) ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ (၇) ရက် ဆောင်ရွက်သွားရေး လိုက်နာဆောင်ရွက်ရန် အသိပေးထုတ်ပြန်ခြင်း (၁၁-၄-၂၀၂၀)

Facility Quarantine (၂၁) ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ (၇) ရက် ဆောင်ရွက်သွားရေး လိုက်နာဆောင်ရွက်ရန် အသိပေးထုတ်ပြန်ခြင်း (၁၁-၄-၂၀၂၀)

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ လာရောက်သည့် ခရီးသည်များနှင့် COVID-19 ဓါတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူများထံမှ အခြားသူများသို့ ရောဂါကူးစက်မှု မရှိစေရေးအတွက် လက်ရှိတွင် Facility Quarantine (၁၄) ရက်အား ထားရှိပြီးပါက မိမိနေအိမ်သို့ ပြန်လည်သွားရောက်မည့်သူများအတွက် နောက်ထပ် (၁၄) ရ...က် နေအိမ်တွင် သီးခြားနေထိုင်ရန် အကြံပြုတိုက်တွန်းချက်များ ထုတ်ပြန်ထားပြီးဖြစ် ပါသည်။

၂။ COVID-19 ရောဂါရှိသူများမှ ရောဂါပိုးစွန့်ထုတ်သည့် ကာလမှာ ရောဂါလက္ခဏာမပြမီ (၂) ရက် မှ ရောဂါလက္ခဏာပြပြီး (၂၈) ရက်အထိရှိကြောင်းနှင့် အဆိုပါ ကာလအတွင်း အခြား သူများသို့ ရောဂါကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသနစာတမ်းများအရ Quarantine (၂၁) ရက် တိတိကျကျနှင့် စနစ်တကျထားရှိပါက ရောဂါကူးစက်မှုအား (၉၈.၇%) အထိ ထိန်းချုပ် နိုင်ကြောင်း လေ့လာတွေ့ရှိရသည့်အပြင် ဒေသတွင်းနိုင်ငံအချို့တွင်လည်း Quarantine ကာလအား ဆေးရုံ/ သတ်မှတ်နေရာများတွင် နေထိုင်ရမည့် ကာလနှင့် မိမိနေအိမ်တွင် သီးခြား နေထိုင်ခြင်း ကာလစုစုပေါင်းအား (၂၈) ရက်အထိ သတ်မှတ်ထားကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် အထက်ပါ Quarantine (၂၈) ရက် ထားရှိမှုများအား ဓါတ်ခွဲစစ်ဆေးမှု အကန့်အသတ်ဖြင့် ဆောင်ရွက်နိုင်သည့်နိုင်ငံများတွင် ဆောင်ရွက်ကြောင်းတွေ့ရှိရပါသည်။

၃။ လက်ရှိအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါဓါတ်ခွဲအတည်ပြုလူနာ (၂၈) ဦးအနက် နိုင်ငံတကာမှ ပြန်လည်ရောက်ရှိလာသည့် ခရီးသွားများ (Imported Cases) များနှင့် ၎င်းတို့နှင့် အနီးကပ်ထိတွေ့သူများတွင်သာ အဓိကကူးစက်ရောဂါ ဖြစ်ပွားလျက် ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ဓါတ်ခွဲစစ်ဆေး ချက်များ နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Contact Tracing ဆောင်ရွက်ခဲ့သည့် တွေ့ရှိချက်များအရ အချို့သော Confirmed လူနာများနှင့် အသွားအလာ ပိတ်ပင်ကန့်သတ်ခြင်း ပြီးစီးသည့်နောက် (၁၄) ရက် ကျော်သည်အထိ လူအချို့တွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးရာ ရောဂါပိုးဆက်လက်တွေ့ရှိနေသေးကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

၄။ သို့ဖြစ်၍ နိုင်ငံအတွင်း ရောဂါပျံ့နှံ့မှုအား ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် သေချာမှု ရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခင် Facility Quarantine အသွားအလာပိတ်ပင်ကန့်သတ်ခြင်း (၁၄) ရက်ကာလအစား ယခု Community Based Facility Quarantine/ Hotel Quarantine (၂၁) ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ (၇) ရက်၊ စုစုပေါင်း (၂၈) ရက် ဆောင်ရွက်သွားကြပါရန် အသိပေးထုတ်ပြန် အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

Announcements

Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Wednesday 07, October, 2020 Notice regarding Consular and Visa services

Activities