ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အိုင်ယာလန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအားမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးနှင့် ပတ်သက်၍ အသိပေးကြေညာချက်
၁။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါ Coronavirus Disease 2019
(COVID-19) ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးစီမံချက်များကြောင့် ဗြိတိန်၊ဒိန်းမတ်၊ ဆွီဒင်၊ အိုင်ယာလန်နိုင်ငံတို့တွင်ရောက်ရှိနေပြီး၊ ဆက်လက်နေထိုင်ရန်အမှန်တကယ် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအားသတ်မှတ်စုံရပ်ဖြစ်သည့်စင်ကာပူနှင့် ထိုင်းနိုင်ငံများမှတစ်ဆင့်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ဖြင့် ခေါ်ဆောင်နိုင်ရေး အတွက်မြန်မာသံရုံးအနေဖြင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ စီစဉ်ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့်မြန်မာနိုင်ငံမှ သတ်မှတ်စုံရပ်ဖြစ်သည့် စင်ကာပူနှင့်ထိုင်းနိုင်ငံတို့သို့ လာရောက်ခေါ်ဆောင် မည့်လမ်းကြောင်း ခရီးစရိတ်ကို နိုင်ငံတော်မှ ကျခံဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး၊ အဆိုပါနိုင်ငံတို့မှ မြန်မာနိုင်ငံသို့အပြန်လမ်းကြောင်း ခရီးစရိတ် (တစ်ကြောင်းစာ) အတွက် လိုက်ပါမည့်ခရီးသည်များမှ ကျခံရမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။(ကယ်ဆယ်ရေးလေယာဉ်(Relief Flight) ထွက်ခွာမည့်နေ့ရက်အမီမိမိတို့ရောက်ရှိနေသည့် နိုင်ငံမှ စင်ကာပူ နှင့်ထိုင်းနိုင်ငံတို့သို့မိမိတို့အစီအစဉ်ဖြင့်သွားရောက်ကြရမည် ဖြစ်ပါသည်။)
၃။ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုကြောင်း သံရုံးသို့ အမည်စာရင်း ပေးသွင်းထားသည့် ခရီးသည်အရေအတွက် အပေါ် မူတည်၍ မေလအတွင်းမြန်မာအမျိုးသား လေကြောင်းလိုင်း(Myanmar National Airline-MNA)ဖြင့်ပြေးဆွဲနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပြီး၊လေယာဉ်ပြေးဆွဲမည့်နေ့ရက်ကိုပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ဆက်လက်အသိပေးကြေညာသွားမည်ဖြစ်ပါသည်။
၄။ သို့ပါ၍ ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အိုင်ယာလန်နိုင်ငံတို့တွင် ရောက်ရှိနေပြီး၊မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့်မြန်မာသံရုံး၊လန်ဒန်မြို့၏ အီးမေးလ် [email protected] သို့အောက်ဖော်ပြပါ အချက်အလက်များကို ဆောလျင်စွာပေးပို့ပေးကြပါရန်အသိပေးနှိုးဆော်အပ်ပါသည်-
(က) အမည်(နိုင်ငံကူးလက်မှတ်ပါအတိုင်း)(မြန်မာ/အင်္ဂလိပ်
နှစ်ဘာသာဖြင့်)
(ခ) မြန်မာနိုင်ငံကူးလက်မှတ်အမှတ်နှင့်ထုတ်ပေးရက်စွဲ(မိတ္တူပူးတွဲ)
(ဂ) ပြန်လည်ထွက်ခွာလိုသည့် အကြောင်းအရင်း
(ဃ) ဆက်သွယ်ရန် တယ်လီဖုန်းအမှတ်/ အီးမေးလ်လိပ်စာ
၅။ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့် လိုက်ပါလိုသူများအနေဖြင့်သံရုံး၏ အမည်စာရင်းတွင် မိမိတို့အမည်ပါဝင်ခြင်းရှိ-မရှိကို +44 795697331 နှင့်
+44 7 990016274 တို့သို့ ဆက်သွယ်၍ စိစစ် အတည်ပြု (confirm)ပြုလုပ်ပေးကြရန် လိုအပ်မည်ဖြစ်ပါသည်။ သံရုံးသို့ အမည်စာရင်းပေးပို့ထားသူများသာ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့်လိုက်ပါခွင့်ရရှိမည်ဖြစ်ပါကြောင်းနှင့် လေယာဉ်လက်မှတ်ဝယ်ယူရရှိရေးအတွက်မြန်မာ အမျိုးသားလေကြောင်းလိုင်း(Myanmar National Airline-MNA)သို့စီးနင်းလိုက်ပါမည့် သူများ ကိုယ်တိုင် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။
၆။ ကယ်ဆယ်ရေးလေယာဉ်(Relief Flight)ဖြင့် လိုက်ပါမည့်သူအားလုံးသည်မြန်မာ နိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှချမှတ်ထားသည့် Community-basedFacility Quarantine (၂၁)ရက်နှင့် Home Quarantine(၇)ရက်စုစုပေါင်း(၂၈)ရက်ကို မပျက်မကွက် လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့
၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၅ ရက်