Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စ

                                                                       

                                                                          ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စ

၁။      ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ အား ကြိုတင်ဆန္ဒမဲများပေးအပ်နိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။

၂။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်အား မကြာမီ ထုတ်ပြန်ကြေညာပြီး မဲပေးပိုင်ခွင့်ရှိသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးအပ်နိုင်ရေးအတွက် ဖြည့်စွက်ရန်လိုအပ်သည့် ပုံစံ (၁၅) ကို ဖြန့်ဝေသွားမည် ဖြစ်ပါသည်။

၃။      မြန်မာသံရုံး၊ လန်ဒန်မြို့အနေဖြင့် ဗြိတိန်နိုင်ငံ၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံများတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများထံ ဆက်လက်ဖြန့်ဝေရမည်ဖြစ်ပြီး၊ ပြည့်စုံစွာဖြည့်စွက်ထားသည့် ပုံစံ (၁၅) များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်ပေးပို့ပေးသွားမည်ဖြစ်ပါသည်။

၄။      ထိုသို့ဆောင်ရွက်နိုင်ရန် မြန်မာသံရုံး၊ လန်ဒန်မြို့မှ တာဝန်ယူဆောင်ရွက်နေသည့် ဗြိတိန်နိုင်ငံ၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံများရှိ မြန်မာနိုင်ငံသား မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ပြုစုလျက်ရှိပါသဖြင့် အောက်ဖော်ပြပါအချက်အလက်များကို [email protected] ဆောလျင်စွာ ၂၀-၇-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

                   (က)    အမည် (မြန်မာ+အင်္ဂလိပ်)

                   (ခ)     နေရပ်လိပ်စာ (မြန်မာနိုင်ငံနှင့် လက်ရှိနေရပ်)

(တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ လမ်းအမည်၊ အိမ်အမှတ် စသည်တို့ကို ပြည့်စုံစွာ ဖော်ပြပေးပါရန်)

                   (ဂ)     e-mail လိပ်စာ

(ဃ)    လက်ကိုင်ဖုန်းအမှတ်     

 

မြန်မာသံရုံး၊လန်ဒန်မြို့

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ   ၁   ရက်   

Announcements

Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Activities