နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စ
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ နိုင်ငံပြင်ပတွင် ရောက်ရှိနေသူ မဲဆန္ဒရှင်များအနေဖြင့် ကြိုတင် ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် ပုံစံ (၁၅) များကို အောက်ဖော်ပြပါ အစီအစဥ်များ အတိုင်း ရယူဖြည့်စွက်၍ သက်ဆိုင်ရာ မြန်မာသံရုံးများသို့ ပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်-
(က) |
ပုံစံ (၁၅) များကို စတင်ထုတ်ယူနိုင်မည့်ရက် |
၃-၇-၂၀၂၀ |
(ခ) |
Download ရယူနိုင်မည့်နည်းလမ်းများ |
|
|
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် https://www.uec.gov.mm/ |
|
|
နိုင်ငံခြားရေးဝန်ကြီးဌာန https://www.mofa.gov.mm/ |
|
|
မြန်မာသံရုံး၊ လန်ဒန်မြို့ https://www.londonmyanmarembassy.com/ |
|
(ဂ) |
ပုံစံ (၁၅) များကို ပြန်လည်ပေးပို့ရမည့် နေ့ရက် |
၁၆-၇-၂၀၂၀ မှ ၅-၈-၂၀၂၀ အထိ |
၃။ သို့ဖြစ်ပါ၍ မြန်မာသံရုံး၊ လန်ဒန်မြို့မှ တာဝန်ယူဆောင်ရွက်နေသည့် ဗြိတိန်နိုင်ငံ၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ ဆွီဒင်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံများမှ ကြိုတင်ဆန္ဒမဲပေးလိုသူ မြန်မာ နိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် ပုံစံ (၁၅) အား ရယူ၍ ပြည့်စုံစွာ ဖြည့်စွက် ပေးပါရန်နှင့် မြန်မာသံရုံး ၏ အီးမေးလ် [email protected] သို့ သတ်မှတ်ရက်များအတွင်း အချိန်မီ ပြန်လည်ပေးပို့ပေးပါရန် အကြောင်းကြားအပ်ပါ သည်။
မြန်မာသံရုံး၊လန်ဒန်မြို့ ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်
ပုံစံ ၁၅ ရယူရန် https://www.mofa.gov.mm/wp-content/uploads/2020/07/3.-From-15.pdf
|
|