ကယ်ဆယ်ရေးလေယာဉ် (Relief Flight) တတိယအကြိမ်ပျံသန်းပေးမည့်ကိစ္စ အသိပေးကြေညာချက်
အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Coronavirus Disease 2019(COVID-19) ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး
အစီအမံများကြောင့်ပုံမှန်လေယာဉ်များ ပျံသန်းပြေးဆွဲမှု ရပ်နားထားသည့် ကာလအတွင်း မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာရန်
ကျန်ရှိနေသေးသော ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့်အိုင်ယာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ် (Relief
Flight)ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့်သက်ဆိုင်ရာများနှင့်
ညှိနှိုင်းစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် Qatar Airways (QR)မှ စင်းလုံးငှားလေယာဉ်ဖြင့် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) လန်ဒန်-ဒိုဟာ-
ရန်ကုန် ခရီးစဉ်အား ဇူလိုင်လ နောက်ဆုံး ရက်သတ္တပတ်အတွင်း ပျံသန်းပေးနိုင်ရန်စီစဉ်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။
၂။ လိုက်ပါလိုသူများအနေဖြင့် မြန်မာသံရုံး၊ လန်ဒန်မြို့သို့ ၁၇-၇-၂၀၂၀ရက်(သောကြာနေ့) နောက်ဆုံးထား အမည်စာရင်း ပေးသွင်းနိုင်ပါကြောင်းနှင့်
လေယာဉ်ထွက်ခွာမည့် နေ့ရက်၊ အချိန်၊ လေယာဉ် လက်မှတ်ခနှုန်းထားတို့ကို ဆက်လက်ကြေညာပေးသွားမည် ဖြစ်ပါသည်။
၃။ ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ဖြင့် လိုက်ပါမည့်သူအားလုံးသည်မြန်မာနိုင်ငံ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန မှ ချမှတ်ထားသည့် Community-based Facility Quarantine(၂၁)ရက်အား Hotel Quarantine ဝင်ရောက်ရမည် ဖြစ်ပါကြောင်းနှင့် Home
Quarantine(၇)ရက် အပါအဝင် စုစုပေါင်း(၂၈)ရက်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ရက်