Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ထွက်ခွာမည့်ကိစ္စနှင့်ပတ်သက်၍ထပ်မံအသိပေးကြေညာချက်

 

                                                                     

                                       Embassy of the Republic of the Union of Myanmar London

                                         19A Charles Street, W1J 5DX Mayfair Township, London, UK.

                                                                     (44)  0207148 0740

 

ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ထွက်ခွာမည့်ကိစ္စနှင့်ပတ်သက်၍ထပ်မံအသိပေးကြေညာချက်

၁။ ပြည်ပနိုင်ငံများတွင်ရောက်ရှိနေပြီး၊ ဆက်လက်နေထိုင်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ လန်ဒန်မြို့၏
စီစဉ်ဆောင်ရွက်မှုဖြင့် ကာတာလေကြောင်းမှ စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ် (ReliefFlight) ဖြင့် လန်ဒန်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ပို့ဆောင်နိုင်ရန် စီစဉ်လျက်ရှိပါကြောင်းနှင့်လိုက်ပါလိုသူများအနေဖြင့် ၁၇-၇-၂၀၂၀ ရက်နေ့ နောက်ဆုံးထားအမည်စာရင်းပေးသွင်းနိုင်ပါကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါ သည်။

၂။ ကယ်ဆယ်ရေးလေယာဉ်ခရီးစဥ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

နေ့ရက် ခရီးစဥ် ထွက်ခွာချိန် ရောက်ရှိချိန်

၂၆-၇-၂၀၂၀ (တနင်္ဂနွေနေ့)
Commercial Flight: QR-008

လန်ဒန်-ဒိုဟာ ၁၅၃၀ နာရီ ၀၀၂၀ နာရီ

၂၇-၇-၂၀၂၀ (တနင်္လာနေ့)
Charterd Flight: Boeing 787

ဒိုဟာ-ရန်ကုန် ၀၂၂၀ နာရီ ၁၁၅၀ နာရီ

၃။ ခရီးသည်အရေအတွက်အပေါ် မူတည်၍ ခရီးစဥ် အစမှ အဆုံး အတွက်အောက်ပါအတိုင်း လေယာဉ်လက်မှတ်ခနှုန်းထား အပြောင်းအလဲရှိမည်ဖြစ်ပါသည်-
စုစုပေါင်း ခရီးသည်တစ်ဦး ကျသင့်နှုန်း

(က)ခရီးသည် (၁၅၀)ဦး စတာလင်ပေါင်
၁,၂၁၆.၀၀/-
(ခ) ခရီးသည် (၂၀၀)ဦး စတာလင်ပေါင် ၉၁၃.၀၀/-
(ဂ) ခရီးသည် (၂၄၀)ဦး စတာလင်ပေါင် ၇၆၁.၀၀/-

၄။ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့်လိုက်ပါခွင့်ရရှိရန် ၁၇-၇-၂၀၂၀ရက်နေ့ နောက်ဆုံးထားပြီး [email protected] သို့
အမည်စာရင်းပေးသွင်း ရမည် ဖြစ်ပါသည်။ အမည်စာရင်းပေးသွင်းထားပြီးသူများသည်၁၅-၇-၂၀၂၀ ရက်နေ့မှစတင်၍ ၂၀-၇-၂၀၂၀ ရက်နေ့ နောက်ဆုံးထားပြီး
အောက်ဖော်ပြပါ ငွေစာရင်းအမှတ်သို့ ပေးသွင်းရမည်ဖြစ်ပြီး လိုက်ပါ မည့်ခရီးသည်အရေအတွက် ပေါ်မူတည်၍ ပေးသွင်းရမည့်ပမာဏကို မြန်မာသံရုံးက ထပ်မံ
အတည်ပြုပေးမည်ဖြစ်ပါသည်-

a. Account Name: Embassy of the Republic of the Union of Myanmar
b. Account No: 17969202
c. Sort code: 60-93-98
d. Swift code: BKKBGB2L
e. Sort code for CHAPS: 70-06-03
f. IBAN: GB42BKKB70060317969202
g. Bank Name: Bangkok Bank Public Company Limited.
၅။ ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို လိုက်ပါမည့်သူအမည်နှင့်
လွှဲပို့သူအမည် ထည့်သွင်း ဖော်ပြ၍ မြန်မာသံရုံး၊ လန်ဒန်မြို့၏ email:
[email protected] သို့ မပျက်မကွက် ပေးပို့ပေးပါရန်အကြောင်းကြားအပ်ပါသည်။ လိုက်ပါရန် အဆိုပြု အမည်စာရင်း နှင့် ငွေလွှဲပို့မှု
အမည်စာရင်း ကိုက်ညီမှုရှိမှသာ Relief Flight တွင် လိုက်ပါခွင့် ရရှိမည် ဖြစ်ပါကြောင်းဖော်ပြအပ်ပါသည်။

၆။ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အခြားပြည်ပနိုင်ငံများတွင်ရောက်ရှိနေပြီး ပြန်လည်ထွက်ခွာ ရန်အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း ဒိုဟာမြို့
မှတစ်ဆင့် လိုက်ပါစီးနင်းနိုင်ရေး ညှိနှိုင်းစီစဉ်ပေးမည်ဖြစ်ပါကြောင်းနှင့်စင်းလုံးငှားလေယာဉ် ဖြစ်သည့်အတွက် လေယာဉ်လက်မှတ်ခမှာမူ
အထက်ဖော်ပြပါနှုန်းထားအတိုင်း အပြည့်ပေးချေရမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

၇။ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် လိုက်ပါမည့်သူအားလုံးသည်မြန်မာနိုင်ငံ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန မှ ချမှတ်ထားသည့် Community-based Facility Quarantine(၂၁)ရက်အား Hotel Quarantine ဝင်ရောက်ရမည် ဖြစ်ပါကြောင်းနှင့် Home
Quarantine(၇)ရက် အပါအဝင် စုစုပေါင်း(၂၈)ရက်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။

မြန်မာသံရုံး၊ လန်ဒန်မြို့
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်

Announcements

Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Activities