၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးလိုသူများ၏
ပုံစံ(၁၅) လက်ခံရရှိမှု စာရင်း အသိပေးထုတ်ပြန်ခြင်း
၁။ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိရာတွင် မြန်မာသံရုံး၊ လန်ဒန်မြို့အနေဖြင့် ဗြိတိန်နိုင်ငံ၊ အိုင်ယာလန် သမ္မတနိုင်ငံ၊ ဆွီဒင်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ပုံစံ(၁၅)ကို ပြည့်စုံစွာ ဖြည့်စွက်ပြီး မြန်မာသံရုံး၊ လန်ဒန်မြို့ သို့ (၅-၈-၂၀၂၀) ရက်နေ့ နောက်ဆုံးထား ပေးပို့ပေးပါရန် ၃-၇-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ မြန်မာသံရုံး၊ လန်ဒန်မြို့တွင် ၅-၈-၂၀၂၀ ရက်နေ့အထိ လက်ခံရရှိခဲ့သော ကြိုတင် ဆန္ဒမဲပေးခွင့်တောင်းခံလွှာ ပုံစံ(၁၅) အမည်စာရင်းအား ပူးတွဲပါအတိုင်း အသိပေး ကြေညာ အပ်ပါသည်။ မြန်မာသံရုံးသို့ ပုံစံ(၁၅)ပေးပို့ထားပြီး စာရင်းတွင် မိမိတို့၏ အမည်မပါဝင်ပါက အောက်ဖေါ်ပြပါ တာဝန်ခံအရာရှိထံ ဆက်သွယ်အကြောင်းကြားပါရန် မေတ္တာရပ်ခံအပ်ပါ သည်-
ဦးချစ်ခိုင်၊ ပထမတွင်းဝန်
လက်ကိုင်ဖုန်းအမှတ်၊ ၀၇ ၇၉၅ ၆၉၇ ၃၃၁
၃။ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ သတင်း အချက်အလက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်ပေးပို့လာသည့် မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းနှင့် မြန်မာသံရုံး၊ လန်ဒန်မြို့တွင် ကြိုတင်ဆန္ဒမဲပေးရမည့် နေ့ရက် နှင့် အချိန်တို့ကို ထပ်မံကြေညာသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၉ ရက်
နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များမှ ကြိုတင်ဆန္ဒမဲပေးခွင့်တောင်းခံသည့် ပုံစံ (၁၅) လက်ခံရရှိသည့် အမည်စာရင်း