Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ကောင်စစ်နှင့် နိုင်ငံသားဆိုင်ရာ ဝန်ဆောင်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်သည့် အသိပေး ကြေညာချက်

 ကောင်စစ်နှင့် နိုင်ငံသားဆိုင်ရာ ဝန်ဆောင်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်သည့် အသိပေး ကြေညာချက်

၁။     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ
ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာသံရုံး၊ လန်ဒန်မြို့၌ ၉-၁၀-၂၀၂၀ရက်(သောကြာနေ့)မှ ၁၂-၁၀-၂၀၂၀ ရက်(အင်္ဂါနေ့)အထိ နံနက် ၀၇၃၀ နာရီမှ
ညနေ ၁၉၃၀ နာရီအထိ နှင့် ၁၃-၁၀-၂၀၂၀ ရက်နေ့တွင် နံနက် ၀၇၃၀ နာရီမှ နေ့လယ်
၁၃၀၀ နာရီအထိ မဲရုံဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
၂။      သို့ဖြစ်ပါ၍ မဲရုံဖွင့်လှစ်သွားမည့် နေ့ရက်များအပါအဝင် ၈-၁၀-၂၀၂၀ ရက်(ကြာသပတေးနေ့)မှ ၁၄-၁၀-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) အထိ မြန်မာသံရုံး၊
လန်ဒန်မြို့၏ ကောင်စစ်ဆိုင်ရာ ဝန်ဆောင်ပေးမှုလုပ်ငန်းများအားခေတ္တရပ်ဆိုင်းထားရှိမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၃။ အဆိုပါကာလအတွင်း အရေးပေါ် ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုနှင့်အခြားလိုအပ် သည့် အကူအညီများ ရယူလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့်
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ တိုက်ရိုက်ဆက်သွယ်၊ စုံစမ်း အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်-
(က) ဦးရဲလင်းအောင်
မိုဘိုင်းဖုန်း ၊ +44 7 990016274
(ခ) ဦးနေဝင်းအောင်
မိုဘိုင်းဖုန်း ၊ +44 7 438109891

မြန်မာသံရုံး၊ လန်ဒန်မြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်

Announcements

Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Wednesday 07, October, 2020 Notice regarding Consular and Visa services

Activities