Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

အသိပေးကြေညာချက်

                                                                   အသိပေးကြေညာချက်

၁။ မြန်မာသံရုံး၊ လန်ဒန်မြို့ အနေဖြင့် အစိုးရရုံးပိတ်ရက်များမှအပ သံရုံးအားပုံမှန်ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး၊ ဗြိတိန်နိုင်ငံ၏ ကိုဗစ်-၁၉
ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးအစီအမံများနှင့်အညီသံရုံးဝန်ထမ်းများ အလှည့်ကျ ရုံးတက်၍ ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက်
ဆောင်ရွက်လျက်ရှိပါသည်။ ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းအစိုးရရုံးပိတ်ရက်များမှအပ ပုံမှန်လက်ခံ ဆောင်ရွက်ပေး လျက်ရှိပါသည်။ ၂၀၀၈
ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို မြန်မာသံရုံးဝန်ထမ်းများ
အနေဖြင့် စောင့်ထိန်း လိုက်နာ ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။


၂။ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့်လတ်တလော ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲ အသစ်ကူးစက်ပြန့်ပွားမှုကို
ထိန်းချုပ်နိုင်ရန်အတွက် ဗြိတိန်နိုင်ငံမှ လာရောက်မည့်သူများ၊ ဗြိတိန်နိုင်ငံသို့ခရီးသွားရာဇဝင်(၁၄)ရက် အတွင်း ရှိသူ များအား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်အား
ယာယီ ပိတ်ပင်ထားသည့်အတွက် ကယ်ဆယ်ရေး လေယာဉ်ဖြင့် ဝင်ရောက်ခွင့်အဆင်ပြေမှု မရှိသေးပါကြောင်းနှင့် ပြန်လည် ခွင့်ပြုချိန်တွင် ကယ်ဆယ်ရေး
လေယာဉ်ဖြင့် လိုက်ပါနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။

မြန်မာသံရုံး
လန်ဒန်မြို့။
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

 

Announcements

Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Thursday 11, February, 2021 အသိပေးကြေညာချက်

Activities