ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ယူကေ)
Nationalities of the Union of Myanmar Association-UK (NUMAUK)
ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဘာသာရေး၊ လူမှုရေး၊ တိုင်းရင်းသားရေးရာ အလိုက် အသီးသီးအဖွဲ့အစည်းထားရှိပြီး၊ မိမိတို့ သက်ဆိုင်ရာ အသင်းအဖွဲ့အလိုက် လှုပ်ရှားဆောင် ရွက်မှုများပြုလုပ်လျက်ရှိကြပါသည်။ မြန်မာ အသင်းကြီး (ယူကေ)အား ၁၉၉၃ ခုနှစ်မှ စတင်၍ လူမှုရေးအသင်းအဖြစ် ဖွဲ့စည်းခဲ့ပါ သည်။ ထို့ကြောင့် ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ/ နိုင်ငံသားဟောင်းများ အားလုံးပါဝင်နိုင်သည့် အသင်းဖွဲ့စည်းရန် ၂၀၁၆ ခုနှစ်၊ မေလ (၁၅)ရက်နေ့တွင် မြန်မာသံရုံးမှ ဦးဆောင်၍ အဆိုပါအဖွဲ့အစည်းအသီးသီးအား ခေါ်ယူညှိနှိုင်းခဲ့ပါသည်။
ယခုအခါဗြိတိန်နိုင်ငံရောက် နိုင်ငံသားများအားလုံးပါဝင်သည့် အဖွဲ့အစည်း တစ်ခုအဖြစ် ဖွဲ့စည်းရန်၊ မြန်မာနိုင်ငံသားများအကျိုး ထိထိရောက်ရောက်အကောင် အထည်ဖော်နိုင်ရန်နှင့် စည်းလုံးညီညွတ်သည့် ပြည်ပရောက် မြန်မာ့လူမှုရေးအသင်း အဖွဲ့အဖြစ် အကောင်အထည်ဖော်ရန် ရည်ရွယ်၍ ပြည်ထောင်စုမြန်မာနိုင်ငံသားများ အသင်း (ယူကေ)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
အသင်း၏ ရည်ရွယ်ချက်
(က) မြန်မာနိုင်ငံတွင် ဖြစ်ထွန်းတိုးတက်နေသော အခြေအနေများနှင့်အညီ ဗြိတိန် နိုင်ငံသို့ ရောက်ရှိ နေထိုင်ကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ရိုးရာယဉ်ကျေးမှု ကိစ္စများ၊ လူမှုရေး၊ သာရေး၊ နာရေးကိစ္စရပ်များ စသည့် မြန်မာနိုင်ငံသားများအကျိုးကို ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော် ၍ ရိုင်းပင်းကူညီဆောင်ရွက်မည့် အသင်းကြီးဖြစ်လာရန်၊
(ခ) ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူများ၏ အင်အားအပေါ် အခြေခံလျက် မတူကွဲပြားမှုများအား နားလည်လက်ခံ၍ ညီညွတ် မျှတအောင် ဖန်တီးနိုင်မည့် စည်းလုံးညီညွတ်သည့် အသင်းအဖွဲ့အဖြစ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်၊
(ဂ) လူမှုရေး၊ ဘာသာရေးစသည့်ကိစ္စရပ်များဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ဗြိတိန်နိုင်ငံတစ်ဝှမ်းရှိ အသင်းအဖွဲ့များအချင်းချင်း ဆက်သွယ်ချိတ်ဆက်၍ ပိုမို နားလည်မှုရရှိလာစေရန်၊ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံံပါဝင်သည့် စုစည်းကျစ်လစ်၍ ညီညွတ်ချစ်ခင်သည့် လူမှုအဖွဲ့အစည်း အသင်းကြီး တစ်သင်းဖြစ်ပေါ်လာစေရန်။
အသင်းသားအဖြစ် လျှောက်ထားနိုင်
အသက်(၁၆)နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားများ/ နိုင်ငံသားဟောင်းများ မြန်မာ နိုင်ငံတွင် မှီတင်းနေထိုင်ဖူးသူများ၊ နိုင်ငံတော်မှ အသိအမှတ်ပြုထားသော တိုင်းရင်း သား လူမျိုးများအားလုံးကို အသင်းဝင်များအဖြစ် ပါဝင်လာကြဖို့ ဖိတ်ခေါ်အပ် ပါတယ်။
နှစ်စဉ်ကြေးမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -
(က) မိသားစုအလိုက် - ၃၅ စတာလင်ပေါင် (သားသမီး - ၁၆ နှစ်အောက်)
(ခ) တစ်ဦးချင်း - ၂၀ စတာလင်ပေါင် (အသက် ၁၆ နှစ်အထက်)
(ဂ) ကျောင်းသား - ၁၅ စတာလင်ပေါင်
(ဃ) ဧည့်အသင်းဝင် - ၅ ပေါင်
အသင်းသားများ၏ ရပိုင်ခွင့်များ
(က) အသင်း၏ နှစ်ပတ်လည်အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခွင့်၊ အသင်းအရေးကိစ္စများကို ဆွေးနွေးခွင့်၊ အကြံပေးခွင့်နှင့် မဲဆန္ဒပေးပိုင်ခွင့်ရှိ သည်။
(ခ) အသင်းမှ ကြီးမှူးကျင်းပသော အခမ်းအနားများသို့ တက်ရောက်နိုင်ပြီး၊ အသင်းမှ စီစဉ်ပေးသော အခြားအခွင့်အရေးများကိုလည်း ခံစားနိုင်ခွင့်ရှိ သည်။
(ဂ) အသင်းသားများအားလုံးအား အသင်းဝင်ကဒ်ပြားထုတ်ပေးမည်။
(ဃ) ဧည့်အသင်းဝင်များအနေဖြင့် မဲပေးပိုင်ခွင့် မရရှိပါ၊
(င) နှစ်ပတ်လည်အစည်းအဝေးတက်ရောက်သည့် အသင်းသားများသာ မဲပေးပိုင် ခွင့်ရှိမည်။
(စ) အသင်း၏ လှုပ်ရှားမှုအခမ်းအနားအစီအစဉ်များအတွက် ဝင်ကြေးနှုန်း စသည်ဖြင့် ကောက်ခံရာတွင် အသင်းဝင်များမှာ အထူးအခွင့်အရေးအဖြစ် အသင်းဝင် မဟုတ်သူများ ပေးသွင်းရမည့်နှုန်း ထက် လျော့နည်းမည်။
အသင်းဝင်လျှောက်ထားလိုသူများသည် အောက်ပါလိပ်စာများသို့ ဆက်သွယ်နိုင် ပါသည် -
စဉ် |
အမည် |
ရာထူး |
ဆက်သွယ်ရန် လိပ်စာ
|
၁။ |
ဒေါက်တာတင့်လွင် |
ဥက္ကဋ္ဌ |
07922017215
|
၂။ |
ဒေါက်တာမင်းဇော်အောင် |
အတွင်းရေးမှူး |
07533796296 |
၃။ |
ဒေါက်တာစိုးမြတ်ရင် |
တွဲဘက်အတွင်းရေးမှူး |
07787787811 |
၄။ |
ဦးဂျူလိုင်မြတ်ထွန်း |
စည်းရုံးရေးမှူး |
07767603838
|
၅။ |
ဒေါ်တင်တင်မြိုင် |
ပညာရေး၊ ကျန်းမာရေးနှင့် သုတေသနရေးရာမှူး |
07950 232426 |
၆။ |
မြန်မာသံရုံး |
|
02071480740 |
အသင်းဝင်ပုံစံလျှောက်လွှာများနှင့် သတင်းအချက်အလက်များကို အောက်ပါ လင့်နှင့် ဝက်ဘ် ဆိုက်ဒ် တို့တွင် ကူးယူရရှိနိုင်ပါတယ် ။
Download Form :
Embassy website : www.londonmyanmarembassy.com
NUMAUK's Facebook page : https://en-gb.facebook.com/numauk