အစိုးရဝန်ကြီးဌာန အသီးအသီးမှ လာရောက်သော ပညာသင် သင်တန်းသား/သင်တန်းသူ များ သိရှိလိုက်နာ ဆောင်ရွက်ရမည့်ကိစ္စရပ်များ
- မြန်မာသံရုံးသို့ ပညာသင်ရောက်ရှိကြောင်း ဆောလျင်စွာ သတင်းပေးပို့ရန်၊ (ကိုယ်ရေး လျှောက်လွှာဖြင့်)
- ကိုယ်ရေးမှတ်တမ်းပုံစံအား မြန်မာသံရုံး website မှ download လုပ်ယူရန် (download link)
- ကိုယ်ရေးမှတ်တမ်း ပုံစံပါအချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်၍ လက်မှတ် ရေးထိုးပြီး အောက်ပါစာရွက်စာတမ်းများနှင့်အတူ မြန်မာသံရုံးသို့ စာတိုက်မှတစ်ဆင့်ပေးပို့နိုင်ပါသည် -
(က) မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူ (၁) စောင်
(ခ) ခွင့်ပြုမိန့်/DO မိတ္တူ (၁) စောင်
(ဂ) သက်တမ်းရှိဗီဇာမိတ္တူ (၁) စောင်
- ပညာသင်ကြားနေမှု အခြေအနေနှင့်ပတ်သက်၍ သုံးလပတ်အစီရင်ခံစာကို သံရုံးသို့ ပုံမှန် ပေးပို့ရန် သံရုံး website မှ သုံးလပတ်အစီရင်ခံစာကို download လုပ်ယူရန်
- ပညာသင်ကာလ ထပ်မံတိုးမြှင့်လျှောက်ထားခြင်း၊ မြန်မာနိုင်ငံသို့ခေတ္တပြန်ခြင်းများ အတွက် သံအမတ်ကြီးထံသို့ ကိုယ်ရေးလျှောက်လွှာဖြင့် အကျိုးအကြောင်းဖော််ပြလျက် မြန်မာသံရုံး၊ လန်ဒန်မြို့သို့ ၂ လကြိုတင်လျှောက်ထားရန်၊
- မိမိတက်ရောက်နေသည့် တက္ကသိုလ်/ကောလိပ်/ အလုပ်လုပ်ကိုင်နေသည့် ဆေးရုံ/ နေထိုင်ရာလိပ်စာပြောင်းလဲမှုရှိတိုင်း မြန်မာသံရုံး email သို့ ဆက်သွယ်၍ အကြောင်း ကြားရန်၊
- ပညာသင်ကာလပြီးဆုံး၍ဖြစ်စေ၊ အကြောင်းအရာ တစ်စုံတစ်ရာကြောင့်ဖြစ်စေ ပညာ သင်ကြား နေရာဒေသမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာပါက ထွက်ခွာမည့်နေ့ရက်၊ လေယာဉ်ပျံသန်း အမှတ်နှင့် ခရီးစဉ်တို့ကို မြန်မာသံရုံးသို့ သတင်းပို့ အစီရင်ခံရန်၊
Download : သုံးလပတ်အစီရင်ခံစာပေးပို့ခြင်း လျှောက်လွှာပုံစံ ရယူရန်
Download : ပညာတော်သင်ရောက်ရှိကြောင်း အစီရင်ခံတင်ပြခြင်း လျှောက်လွှာပုံစံ ရယူရန်