app form 20220823

Download : လျှောက်လွှာပုံစံ ရယူရန်

 

နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အသစ်ထုတ်ပေးရန်အတွက် တင်ပြ လျှောက်ထားရမည့် အချက်အလက်များ

(က)  ကိုယ်ရေးလျှောက်လွှာပုံစံ(သံအမတ်ကြီး သို့လိပ်မူပြီး)  -  (၁) စောင်
(ခ)   ကိုယ်ရေးမှတ်တမ်း (ဓါတ်ပုံကပ်ပြီး)  -  (၁) စုံ
(ဂ)   နိုင်ငံကူးလက်မှတ် မူရင်း + မိတ္တူ  -  (၁) စုံ
(ဃ)   လျှောက်ထားမည့်သူ၏ သက်တမ်းရှိဗီဇာမိတ္တူ  -  (၁) စုံ
(င)  (၆) လအတွင်း ရိုက်ကူးထားသည့် ဓါတ်ပုံ CD (Soft Copy, JPEG Format)၊ Background Colour အဖြူရောင်
 "Please see the general information for photos requirements"
 -  (၁) ချပ်
(စ)

အလုပ်အကိုင်ဖြင့် လျှောက်ထားပါက -

  • အလုပ်ခန့်စာ(သို့)
  • Pay Slip (၃) လစာ မိတ္တူ
  • နိုင်ငံခြားသား(Foreigner) (သို့မဟုတ်) မြန်မာနိုင်ငံသားဟောင်း (Ex-Myanmar)နှင့် လက်ထပ်ထားသောမြန်မာအမျိုးသမီး မှီခိုသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်

သက်တမ်းတိုးရာတွင် လိုက်နာရမည့်အချက်များ

  • နိုင်ငံခြားသား(Foreigner) (သို့မဟုတ်) မြန်မာနိုင်ငံသားဟောင်း (Ex-Myanmar)နှင့် လက်ထပ်ထားသော မြန်မာအမျိုးသမီး မှီခိုသူများအနေဖြင့် သာမန်မြန်မာနိုင်ငံကူး လက်မှတ်အား သက်တမ်းတိုးမည်ဆိုပါက မြန်မာအမျိုးသမီးအား ကာကွယ်သည့် အနေဖြင့် အပြန်လေယာဉ်စရိတ်အတွက် စတာလင်ပေါင်-၆၀၀/-(စတာလင်ပေါင် ခြောက်ရာတိတိအား) မြန်မာသံရုံး၊လန်ဒန်မြို့တွင် (Depositပေးသွင်းထားရန် လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။
  • အဆိုပါပေးသွင်းမှု အထောက်အထားအား မြန်မာသံရုံး၊ လန်ဒန်မြို့မှ မှတ်တမ်း တင်ထားမှု စာရွက်စာတမ်း ပြန်လည်ပေးအပ်မည်ဖြစ်ပြီး၊ ကာယကံရှင်မှ အဆိုပါ စာရွက်စာတမ်းအား သိမ်းဆည်းထားရန် လိုအပ်မည်ဖြစ်ပါသည်။
  • Deposit ပေးသွင်းထားသူများ သည် စတင်ပေးသွင်းထားသည့်နေ့ရက် မှ (၃) နှစ်ကာလပြည့်မြောက်ပြီးဖြစ်ပါက အဆိုပါအပြန် လေယာဉ်စရိတ် (Deposit) အား မြန်မာသံရုံး၊ လန်ဒန်မြို့ ၌ ပြန်လည်ထုတ်ယူနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မှတ်ချက်။ အပြန်လေယာဉ်စရိတ် Deposit အား Claim လုပ်သည့်အခါ ပေးသွင်းခဲ့စဉ်က လန်ဒန်မြို့၊ မြန်မာသံရုံးမှ ထုတ်ပေးခဲ့သည့် ပြေစာဖြတ်ပိုင်း (Receipt/Slip) အား အထောက်အထားအဖြစ် မပျက်မကွက်ပြသရပါမည်

 -  (၁) စုံ
(ဆ) 

ကျောင်းသားဖြင့်လျှောက်ထားပါက ကျောင်းထောက်ခံစာ မိတ္တူ

၁။ နိုင်ငံကူးလက်မှတ်အမျိုးအစား PV (Passport for Visit) ဖြင့် ပညာသင်လာရောက်ကြသူများအနေဖြင့် သတ်မှတ်ပညာသင်ကာလ ပြီးမြောက်ပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမည့် ကာလ ၆ လ ကျန်ရှိသည့် အခြေအနေတွင် သက်တမ်းတိုးရမည်ဖြစ်သော်လည်း ၎င်းအချိန်တွင် သတ်မှတ်ပညာသင်ကာလ ပြီးမြောက်ပါက နိုင်ငံကူးလက်မှတ်ကို အောက်ပါ အချက်အလက် အထောက်အထား များဖြင့် တင်ပြနိုင်မှသာ ဆက်လက်တိုးမြှင့်ပေးပါမည်။

  • ပညာဆက်လက်သင်ကြားရန်ရှိခြင်း၊
  • ပညာသင်ကြားပြီးမြောက်၍ အလုပ်ဆက်လက် လုပ်ကိုင်ရန်ရှိခြင်း၊

၂။ ယင်းသို့တင်ပြရာတွင် လုံလောက်သော အထောက်အထား အချက်အလက်များ ပါရှိသည့် စာရွက်စာတမ်းနှင့်တကွ ပူးတွဲတင်ပြနိုင်မှသာလျှင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းအား စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့် အချက်အလက်များ စုံလင်စွာမတင်ပြနိုင်ပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းအား ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်း သိရှိစေအပ်ပါသည်။

  (၁) စုံ
(ဇ) 

 မှီခိုအနေဖြင့် လျှောက်ထားပါက -

  • မိမိမှီခိုမည့်သူ၏ နိုင်ငံကူးလက်မှတ်မိတ္တူနှင့် Pay Slip (၃) လစာ မိတ္တူ
  • လိုအပ်ပါက ၎င်း၏ သက်တမ်းရှိ ဗီဇာမိတ္တူ
 

-
-


(၁) စုံ
(၁) စုံ
(စျ) 

စာတိုက်မှတစ်ဆင့်လျှောက်ထားပါကအထက်ဖော်ပြပါအချက် များအပြင် -

  • လျှောက်ထားသူ၏ ထိုးမြဲလက်မှတ်၊ ဘယ် လက်မ၊ ညာလက်မ လက်ဗွေပုံစံနှင့် ဓါတ်ပုံ အား JPEG Format ဖြင့် CD ပေါ်တွင် ထည့် သွင်းပေးရန်၊
  • စာအုပ် ပြန်လည်ပေးပို့ရမည့် လိပ်စာအား ဖော်ပြထားသည့် Pre paid Special Delivery Return Envelope
 

-
-


(၁) ချပ်
(၁) အိတ်
 

 (ည)

နိုင်ငံကူးလက်မှတ်အမျိုးအစား PV (Passport for Visit) ဖြင့် ဆေးကုသရန် ရောက်ရှိလာသူများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် ကာလ ၆ လ ကျန်ရှိသည့်အခြေအနေတွင် သက်တမ်းတိုးရန် လျှောက်ထားလာပါက အလည်အပတ်မဟုတ်သည့် ပြည်နေထိုင်ခွင့် ဗီဇာ အထောက်အထား တင်ပြနိုင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းအား စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း သိရှိစေအပ်ပါသည်။

   

 (ဋ)

စာအုပ်ကြေးစုစုပေါင်း (၃၅) ပေါင်၊ Cash

   

 မှတ်ချက်။ ကောင်စစ်ဌာနအနေဖြင့် အထက်ဖော်ပြပါ စာရွက်စာတမ်းများအပြင် လိုအပ်သည်ဟု ယူဆပါက HMRC နှင့် UKBA တို့မှ အထောက်အထားစာရွက်စာတမ်းများကို မြန်မာသံရုံး၊ လန်ဒန်မြို့သို့ ပေးပို့တင်ပြရပါမည်။

Download : ကိုယ်ရေးမှတ်တမ်းပုံစံ ရယူရန်

Download : လျှောက်လွှာပုံစံ ရယူရန်

 

Greetings by the Myanmar Embassy

Mingalarpar and greetings from the Embassy of the Republic of the Union of Myanmar in London. The Myanmar Embassy in London promotes bi-lateral political, economic, social and consular relations with the United Kingdom as well as Denmark, Ireland and Sweden as non-resident Embassy.

read more