Embassy of the Republic of the Union of Myanmar
London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးကော်မတီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၂၅/ ၂၀၁၆

၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်

(၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက်)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးကော်မတီ ဖွဲ့စည်းခြင်း

၁။     မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) အား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre- NRPC) အဖြစ် ပြန်လည်ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးကော်မတီ” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

(က)

ဦးကျော်တင့်ဆွေ

ပြည်ထောင်စုဝန်ကြီး

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန

ဥက္ကဋ္ဌ

(ခ)

ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်

ပြည်ထောင်စုဝန်ကြီး

နယ်စပ်ရေးရာဝန်ကြီးဌာန

ဒုတိယဥက္ကဋ္ဌ

(ဂ)

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်

အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး

အဖွဲ့ဝင်

(ဃ)

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး(ငြိမ်း)

အဖွဲ့ဝင်

(င)

ဦးဝင်းမြင့်

ဒုတိယရှေ့နေချုပ်

ပြည်ထောင်စုရှေ့နေချုပ်ရုံး

အဖွဲ့ဝင်

(စ)

ဦးခင်မောင်ဝင်း

ညွွှန်ကြားရေးမှူးချုပ်

ဝန်ထမ်းရေးရာဦးစီးဌာန

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အဖွဲ့ဝင်

(ဆ)

ဒေါက်တာတင်မျိုးဝင်း

စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ

အဖွဲ့ဝင်

(ဇ)

ဒေါက်တာမင်းဇော်ဦး

အဖွဲ့ဝင်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ

အဖွဲ့ဝင်

(စျ)

ဦးမိုးဇော်ဦး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

အဖွဲ့ဝင်

(ည)

ဦးမောင်မောင်တင့်

ညွှန်ကြားရေးမှူးချုပ်

စီမံကိန်းရေးဆွဲရေးဦးစီးဌာန

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

အတွင်းရေးမှူး

၂။       အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ NRPC ကို ပြင်ဆင်ဖွဲ့စည်းမှု ပြုလုပ်ရန်။

(ခ)

နေပြည်တော်တွင် ဗဟိုဌာနရုံးချုပ်ထားရှိပြီး ရန်ကုန်ရှိ ယခင် MPC ကို NRPC ၏  ရန်ကုန်ရုံးခွဲအဖြစ် ဖွဲ့စည်းရန်။

(ဂ)

NRPC ဖွဲ့စည်းပုံ ရေးဆွဲရာတွင် ၀န်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ရေးဆွဲဆောင်ရွက်ရန်။

(ဃ)

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းပြည်ပ ထောက်ပံ့ကူညီမှုများ၊ နိုင်ငံတော်ဘတ်ဂျက်မှ ခွဲဝေကျခံ သုံးစွဲမှုများ စနစ်တကျ ရှိစေရေးအတွက် အလှူရှင်များနှင့် ညှိနှိုင်းရေး လုပ်ငန်းစဉ်များ ကို NRPC က တာဝန်ယူဆောင်ရွက်နိုင်သည်အထိ ဖွဲ့စည်း ပေးရန်။

(င)

အပိုဒ် (ဃ)ပါ ညှိနှိုင်းရေးလုပ်ငန်းစဉ်များအတွက် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရန်။

(စ)

NRPC တွင် ပါ၀င်သင့် ပါ၀င်ထိုက်သူများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ရုံးအဖွဲ့တွင် ခန့်အပ်သင့်သူများနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အဆိုပြုတင်ပြရန်။

(ဆ)

NRPC ကို အင်စတီကျူးရှင်းတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ဖွဲ့စည်း လည်ပတ် နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးများ ပုံမှန်ကျင်းပပြီး အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ကော်မတီ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပုံမှန်တင်ပြရန်။

                                                                                           (ပုံ) ထင်ကျော်                                 

                                                                                        နိုင်ငံတော်သမ္မတ                            

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်               

Announcements

Latest Updates

Activities