မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားခြင်း နှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့် အချက်အလက်များ

ရေမျောဒုက္ခသည်များ၊ ပြစ်ဒဏ်ကျခံ၍ လွတ်မြောက်သူများနှင့် နိုင်ငံကူးလက် မှတ် မရှိသည့်အတွက် မြန်မာနိုင်ငံသို့အပြီးပြန်လိုသော မြန်မာနိုင်ငံသားများအား တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) C of I လျှောက်ထားနိုင်ပါသည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားရာတွင် အောက်ဖောပြပါအချက်များ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည် -

(က) မြန်မာနိုင်ငံမှ စတင်ထွက်ခွါလာသည့်အချိန်မှ လက်ရှိနေထိုင် သည့်နိုင်ငံသို့ မည်သို့မည်ပုံ ရောက်ရှိလာကြောင်း အကျိုး အကြောင်း ဖော်ပြထားသည့် ကိုယ်ရေးလျှောက်လွှာပုံစံ (သံအမတ်ကြီး ထံသို့ လိပ်မူပြီး) - (၄) စုံ
(ခ) ကိုယ်ရေးမှတ်တမ်း (ဓါတ်ပုံကပ်ပြီး) - (၄) စုံ
(ဂ) နိုင်ငံကူးလက်မှတ်မိတ္တူ - (၄) စုံ
(ဃ) မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ -
  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
  • အိမ်ထောင်စုသန်းခေါင်စာရင်းမိတ္တူ
- (၄) စုံ
(င) ဗီဇာမိတ္တူ - (၄) စုံ
(စ) မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ဆက်သွယ်ရမည့် လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်    

မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် လျှောက်ထားလိုသူ ကာယကံရှင်များမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အား အသိပေးကြေညာခြင်း

Download : ကိုယ်ရေးမှတ်တမ်းပုံစံ ရယူရန်

 

 

Greetings by the Myanmar Embassy

Mingalarpar and greetings from the Embassy of the Republic of the Union of Myanmar in London. The Myanmar Embassy in London promotes bi-lateral political, economic, social and consular relations with the United Kingdom as well as Denmark, Ireland and Sweden as non-resident Embassy.

read more