Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ရုရှား-အာဆီယံ ဆက်ဆံရေး နှစ်(၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ ကျင်းပမည့် ရုရှား-အာဆီယံ ဆက်ဆံရေး နှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် ၆ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။


နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗာစီလီ ဘီ ပေါ့စ်ပီ လော့ဗ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

 

Announcements

Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Activities