ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ကြေညာချက်အမှတ်၊ ၉/ ၂၀၁၆
၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၂၅ ရက်)
ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း
၁။ | ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၀ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဌာန်းချက်များအရ “ပြည်ထောင်စုအစိုးရအဖွဲ့” ကို အောက်ပါပုဂ္ဂိုလ် များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်- |
(က) |
ဦးထင်ကျော် |
နိုင်ငံတော်သမ္မတ |
(ခ) |
ဦးမြင့်ဆွေ |
ဒုတိယသမ္မတ |
(ဂ) |
ဦးဟင်နရီဗန်ထီးယူ |
ဒုတိယသမ္မတ |
(ဃ) |
ဒေါ်အောင်ဆန်းစုကြည်
|
ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာန |
(င) |
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ
|
ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန |
(စ) |
ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း
|
ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန |
(ဆ) |
ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်
|
ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန |
(ဇ) |
ဦးကျော်တင့်ဆွေ
|
ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန |
(ဈ) |
ဒေါက်တာဖေမြင့်
|
ပြည်ထောင်စုဝန်ကြီး ပြန်ကြားရေးဝန်ကြီးဌာန |
(ည) |
သူရဦးအောင်ကို
|
ပြည်ထောင်စုဝန်ကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန |
(ဋ) |
ဒေါက်တာအောင်သူ
|
ပြည်ထောင်စုဝန်ကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန |
(ဌ) |
ဦးသန့်စင်မောင်
|
ပြည်ထောင်စုဝန်ကြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန |
(ဍ) |
ဦးအုန်းဝင်း
|
ပြည်ထောင်စုဝန်ကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန |
(ဎ) |
ဦးဖေဇင်ထွန်း
|
ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန |
(ဏ) |
ဦးသိန်းဆွေ
|
ပြည်ထောင်စုဝန်ကြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန |
(တ) |
ဦးခင်မောင်ချို
|
ပြည်ထောင်စုဝန်ကြီး စက်မှုဝန်ကြီးဌာန |
(ထ) |
ဒေါက်တာသန်းမြင့်
|
ပြည်ထောင်စုဝန်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန |
(ဒ) |
ဒေါက်တာမျိုးသိမ်းကြီး
|
ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာန |
(ဓ) |
ဒေါက်တာမြင့်ထွေး
|
ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန |
(န) |
ဦးကျော်ဝင်း
|
ပြည်ထောင်စုဝန်ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန |
(ပ) |
ဦးဝင်းခိုင်
|
ပြည်ထောင်စုဝန်ကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန |
(ဖ) |
ဒေါက်တာဝင်းမြတ်အေး
|
ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန |
(ဗ) |
ဦးအုန်းမောင်
|
ပြည်ထောင်စုဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန |
(ဘ) |
နိုင်သက်လွင်
|
ပြည်ထောင်စုဝန်ကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန |
(မ) |
ဦးထွန်းထွန်းဦး
|
ပြည်ထောင်စုရှေ့နေချုပ် ပြည်ထောင်စု ရှေ့နေချုပ်ရုံး |
၂။ | ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်သည် ရာထူးအလျောက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။ |
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
စာအမှတ်၊ ၁၀၃ ( ၁ )/ ၈ / သမ္မတရုံး
ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ မေလ ၂၅ ရက်