နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အာဆီယံနေ့ အထိမ်းအမှတ် နေ့လယ်စာစားပွဲ တည်ခင်းဧည့်ခံ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ (၄၉) နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများအား ယနေ့ မွန်းလွဲ ၁၂းဝဝ နာရီတွင် နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့့ပါသည်။
အဆိုပါ နေ့လယ်စာစားပွဲသို့ အာဆီယံအသိုက်အဝန်း မဏ္ဍိုင် (၃) ရပ် မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံအမတ်ကြီးများနှင့် ဇနီးများ၊ အာဆီယံအသိုက်အဝန်း မဏ္ဍိုင် (၃) ရပ်ဆိုင်ရာ ၀န်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။