ပြည်ထောင်စုသမ္မတမြန်မာနို်င်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ၁၁-၁၀-၂၀၁၆ ရက်နေ့မှ ၁၂-၁၀-၂၀၁၆ ရက်နေ့အထိ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် လူဇင်ဘတ် နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး H.E. Mr. Jean Asselborn ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁းဝဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတ...ွင် လူဇင်ဘတ်နှင့် မြန်မာနိုင်ငံအကြား ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လူဇင်ဘတ်နိုင်ငံမှ ပံ့ပိုးကူညီမည့်နည်းလမ်းများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
လူဇင်ဘတ် နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီးသည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံသို့ နံနက် ၁၀းဝဝနာရီတွင် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်းသိရှိရပါသည်။
လူဇင်ဘတ် နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ၊ ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းတို့နှင့်် တွေ့ဆုံရန်ရှိကြောင်း သိရှိရပါသည်။