နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် သြစတြီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Michael Linhart ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၄းဝဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် သြစတြီးယားနိုင်ငံအနေဖြင့် မြန်မာနိုု်င်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍတို့တွင် ပါဝင်ဆောင်ရွက်နေမှုနှင့် တိုးတက်ဆောင်ရွက်နိုင်သည့် အလားအလာများ၊ ပညာရေးကဏ္ဍအတွက် မြန်မာနိုင်ငံမှ တက္ကသိုလ်များနှင့် ASEAN University Network မှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များအပါအဝင် အခြားသောပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။