Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ဂုဏ်ယူဝမ်းမြောက်ခြင်း

ဂုဏ်ယူဝမ်းမြောက်ပါကြောင်း

 

                   မြန်မာလူမျိုးဆရာဝန်ဖြစ်သူ ဒေါက်တာအံ့ထွန်းမောင်အား ဆေးခန်းလာ ရောက်ပြသသည်‌့ လူနာအမျိုးသမီးတစ်ဦး၏ စွပ်စွဲချက်ဖြင်‌့ မတရားပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး၊ အမှုသည် နားလည်မှုလွဲမှားခဲ့ခြင်းကြောင်‌့ ပြန်လည်စစ်ဆေးရာတွင် အပြစ် မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရှိခဲဲ့ရပါသဖြင်‌့ မြန်မာသံရုံး၊ လန်ဒန်မြို့မှ ဒေါက်တာ အံ့ထူးမောင်၊ မိသားစု၊ မြန်မာအသိုင်းအဝိုင်းတို့နှင်‌့အတူ စာနာဝမ်းမြောက်မိ ပါကြောင်းနှင်‌့ ၎င်းအပေါ် မတရားစွပ်စွဲမှုများအား အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် လိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့ကြသည်‌့ မြန်မာလူမျိုးဆရာဝန်များ၊ ၎င်း၏ လုပ်ဖော် ကိုင်ဖက် ဆရာဝန်များနှင်‌့ ကူညီဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးအား မြန်မာသံရုံး၊ လန်ဒန်မြို့မှ အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

                   ဒေါက်တာအံ့ထွန်းမောင်အနေဖြင်‌့လည်း ရပ်ဆိုင်းထားခြင်းခံခဲ့ရသည်‌့ ဆေးကုသခွင်‌့အား အမြန်ဆုံးပြန်လည်ရရှိ၍ ဆေးပညာအကျိုး၊ အမျိုးဘာသာ၊ သာသနာအကျိုးတို့အား ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

 

 

မြန်မာသံရုံး၊ လန်ဒန်မြို့။

၁၅-၁၁-၂၀၁၆

Announcements

Monday 19, November, 2018 INVITATION FOR TENDER

Latest Updates

Activities