မြန်မာသံရုံး၊ လန်ဒန်မြို့၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ဧည့်ခံပွဲအခမ်းအနား ကျင်းပခဲ့မှု
လန်ဒန်မြို့၊ မြန်မာသံရုံးမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက် မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၆၉) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၃-၃-၂၀၁၇ ရက် (ကြာသပတေးနေ့) (၁၈း၃၀)နာရီမှ (၂၀း၃၀) နာရီအထိ လန်ဒန်မြို့၊ the Copthorne Tara Hotel ရှိ Shannon Suite ၌ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ နှင့် ၄င်းတို့၏ဇနီးများ၊ လန်ဒန်မြို့ရှိ သံတမန်အသိုင်းအဝန်းမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများ၊ ပြည်ထောင်စုမြန်မာနိုင်ငံသားများ အသင်း-ယူကေ (NUMAUK) အသင်းမှ နာယကကြီးများနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူ/ အသင်းသားများ၊ လန်ဒန်မြို့ရှိ မြန်မာတိုင်းရင်းသား အဖွဲ့များမှခေါင်းဆောင်များ၊ လန်ဒန်ရောက် မြန်မာနိုင်ငံသား မိသားစုများမိတ်ဆွေများ၊ စီးပွားရေးကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် အခြား ဖိတ်ကြားထားသူများ စုစုပေါင်း လူဦးရေ (၂၅၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
ဧည့်ခံပွဲအခမ်းအနားတွင် သံအမတ်ကြီး ဦးကျော်စွာမင်းမှ တက်ရောက်လာကြ သည့် ဧည့်ပရိတ်သတ်များအား နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားပြီး၊ ဗြိတိန်နိုင်ငံမှ The Marshal of the Diplomatic Corps ဖြစ်သူ Mr. Alistair Harrison မှ အဓိကဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားကာ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ နှစ်နိုင်ငံ နိုင်ငံအစိုးရများနှင့် ပြည်သူများအား တိုးတက်အောင်မြင်လျက် အေးချမ်းသာယာကျန်းမာ စေကြောင်း ဆုမွန်ကောင်း တောင်းခဲ့ကြပါသည်။
(၆၉)နှစ်ြမောက် ဧည့်ခံပွဲအခမ်းအနားကျင်းပစဉ်အတွင်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများ၊ မြန်မာ့သဘာဝအလှရှုခင်းများ၊ မြန်မာရိုးရာ ယဉ်ကျေးမှု အကအလှတို့ပါဝင် သည့် Video Clip အားပြသ၍လည်းကောင်း၊ တက်ရောက်လာသည့် ဧည့်သည်တော်များအား မြန်မာရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံ၍ လည်းကောင်း၊ မြန်မာနိုင်ငံ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကြော်ငြာစာစောင်များ၊ စီဒီခွေများ၊ မဂ္ဂဇင်းများနှင့် အခြားစိတ်ဝင်စားဖွယ် စာစောင်များဖြန့်ဝေပေးခဲ့ပါသည်။
သတင်းဓါတ်ပုံ
မြန်မာသံရုံး၊ လန်ဒန်မြို့။