Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ဗြိတိန်နိုင်ငံတွင် အာဆီယံနှစ်(၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဗြိတိန်နိုင်ငံတွင် အာဆီယံနှစ်(၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
(၁၁-၁၀-၂၀၁၇ ရက်၊ လန်ဒန်မြို့။)

ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ “အာဆီယံနှစ်(၅၀)ပြည့် အထိမ်းအမှတ် အခမ်းအနားအစီအစဉ်များ”ကို ၁၁-၁၀-၂၀၁၇ ရက်နေ့တွင် နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင့် ဇနီး ဒေါ်အေးမင်းမြတ်၊ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများသည် လန်ဒန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ် ပထမပိုင်းအဖြစ် မွန်းလွဲ(၁၄:၃၀)နာရီတွင် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးဌာနရှိ The Locarno Suite ၌ [email protected] Business Forum အား “The UK & ASEAN: New Opportunities, New Futures.” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ ဗြိတိန် ကုန်သွယ်ရေးဝန်ကြီး Rt. Hon Dr. Liam Fox MP နှင့် UK-ASEAN Business Council မှ Chairman ဖြစ်သူ Mr. Kevan Watts တို့မှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။

ဒုတိယပိုင်းအဖြစ် ညနေ (၁၈:၀၀)နာရီတွင် လန်ဒန်မြို့ရှိ Lancaster House ၌ အာဆီယံ နှစ်(၅၀)ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပရာ ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယ ဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယဝန်ကြီး The Rt Mark Field MP နှင့် ဧည့်သည်တော် အင်ဒိုနီးရှား ဒုတိယသမ္မတ H.E. Muhammad Jusuf Kalla တို့မှ အဖွင့်အမှာ စကားများ ပြောကြားခဲ့ကြ ပါသည်။

Announcements

Latest Updates

Activities