Rakhine State Peace and Stability Supporting Committee provides cash to IDPs
Sittway April 11
The committee presented supports and assistance to IDPs in Rakhine State at a ceremony held in Rakhine State government office meeting hall 1 yesterday.
At the ceremony, the committee chairman U Aye Thar Aung said the committee came to help and provide assistant to people facing difficulties due to conflicts in Rakhine State and IDPs. The committee had met with people ought to be met for peace and stability in Rakhine State. Submissions, comments and suggestions were obtained and a report on short term and long term work processes will be submitted to the Government. The committee came for this reason and during this trip it’ll provide supports and assistant to IDPs in MraukU and Kyauktaw townships through civil society organizations. Afterwards, the committee chairman and deputy chairman separately presented cashes for IDP camps in MraukU and Kyauktaw townships which were received by local elders.
-MNA
------------------------------------------------
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်
စစ်တွေ ဧပြီ ၁၁
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီက တိုက်ပွဲရှောင် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၌ ဧပြီလ ၁၁ ရက်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် အခက်အခဲရှိနေသူများ၊ စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ပတ်သက်၍ အထောက်အပံ့ အကူအညီပေးရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် တွေ့သင့်တွေ့ထိုက်သူများနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် တင်ပြချက်၊ အကြံပြုချက်များကို ရယူပြီး နိုင်ငံတော်အစိုးရသို့ ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အစီအရင်ခံစာ တင်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စအတွက် ရခိုင်ပြည်နယ်ကို လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်တွင် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လူမှုကူညီရေးအဖွဲ့များမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ ရပ်မိရပ်ဖတို့က လက်ခံရယူခဲ့ကြကြောင်း သိရှိရပါသည်။
-သတင်းစဉ်