Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိခြင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိခြင်း
(၂-၆-၂၀၁၉ ရက် ၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီးစ်၏ ဖိတ်ကြားချက်အရ ချက်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ၁-၆-၂၀၁၉ ရက်၊ ဒေသစံတော်ချိန် ၂၃၁၅ နာရီတွင် ချက်သမ္မတနိုင်ငံ၊ Prague မြို့ရှိ Václav Havel အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Jaroslav Dolecek ၊ ချက်သမ္မတနိုင်ငံအစိုးရမှ တာဝန်ရှိသူများနှင် မြန်မာသံရုံးဝန်ထမ်းများမှ လာရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဓါတ်ပုံ - သတင်းစဉ်

Announcements

Latest Updates

Wednesday 07, August, 2019 Press Statement

Activities