Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိခြင်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိခြင်း
(၂၁-၆-၂၀၁၉ ရက်၊ ဗန်ကောက်မြို့)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ၂၂-၆-၂၀၁၉ ရက်မှ ၂၃-၆-၂၀၁၉ ရက်အထိ ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ ဒေသစံတော်ချိန် ၁၄၅၅ နာရီတွင် ဗန်ကောက်မြို့ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပါသည်။
လေဆိပ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး H.E. Gen. Prawit Wongsuwan၊ အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံ၌ ကြိုတင်ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဓါတ်ပုံ - သတင်းစဉ်

Announcements

Latest Updates

Activities