Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ် (တတိယနေ့) (၂၂-၁၀-၂၀၁၉ ရက်၊ တိုကျိုမြို့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ် (တတိယနေ့)
(၂၂-၁၀-၂၀၁၉ ရက်၊ တိုကျိုမြို့)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲပိုင်းတွင် တိုကျိုမြို့ ဘုရင့်နန်းတော်၌ ကျင်းပသည့် ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထီးနန်းတက်ပွဲ အခမ်းအနားတွင် ဂျပန်ဧကရာဇ် နာရူဟီတိုက မိန့်ခွန်းပြောကြားပြီး ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် မိဖုရား မာဆာကိုတို့အား ချီးမွမ်းထောပနာပြုကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညပိုင်းတွင် ဂျပန်ဧကရာဇ်နှင့် မိဖုရားတို့က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

ညစာစားပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတကာမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အဆင့်မြင့်ကိုယ်စားလှယ်များကို ဂျပန်ဧကရာဇ်နှင့် မိဖုရားတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘုရင့်ဆွေတော်မျိုးတော်များနှင့် တွေ့ဆုံနှုတ်ဆက်စကား ပြောကြားပြီး ညစာစားပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံပေါင်း ၁၅၃ နိုင်ငံမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

ဓါတ်ပုံ - သတင်းစဉ်

Announcements

Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Activities