Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်သည့် ခရီးစဉ် (ပထမနေ့) (၂၄-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်သည့် ခရီးစဉ် (ပထမနေ့)
(၂၄-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ ဘူဆန်မြို့တွင် ကျင်းပမည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ရန်အတွက် ယနေ့ ၁၀၁၅ နာရီတွင် နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားပါသည်။ ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် အဖွဲ့သည်လည်း ဒုတိယအကြိမ် အာဆီယံ-ကိုရီးယား ပြည်သူ့ဝန်ဆောင်မှု တီထွင်ပြောင်းလဲရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ပြပွဲအခမ်းအနားသို့ တက်ရောက်ရန် အဆိုပါခရီးစဉ်တွင် လိုက်ပါသွားခဲ့ကြပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Jung Yung Soo၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက လေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရောက်ရှိကြရာ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Lee Tae Ho နှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ဇနီးဒေါက်တာနန်းမြတ်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် မိသားစုများက ကိုရီးယားသမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဘူဆန်မြို့ Gimhae လေတပ်ဌာနချုပ် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ဘူဆန်မြို့ရှိ ခေတ္တတည်းခိုမည့် Lotte Hotel သို့ ရောက်ရှိကြရာ ဟိုတယ်အဝင်၌ ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရှိရသည်။

ဓါတ်ပုံ- သတင်းစဉ်

Announcements

Latest Updates

Activities